Ashley-Green
အဆိုပါ ဓာတ်ပုံများအနက် အမေရိကန်မင်းသမီး ဂျနီဖာလော့ရင့်စ်အပါအ၀င် အနုပညာရှင် ၂၀ က မိမိတို့ ကိုယ်တိုင် ရိုက်ထားသည့် ပုံများလည်း အင်တာနက် တွင် ပေါ်ထွက်လာခဲ့သည်။
ဓာတ်ပုံအချို့ကို Apple ၏ iCloud မှတစ်ဆင့် ရရှိခဲ့ဖွယ်ရှိကြောင်း သိရသည်။
iCloud ၏ လျှို့ဝှက်နံပါတ်များကို ဟက်ကာများက ထိုးဖောက်ခိုးယူခဲ့ခြင်း ရှိ၊မရှိကို စုံစမ်းသွားမည် ဖြစ်ကြောင်း Apple က ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု အက်ဖ်ပီအိုင် တာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
Apple ၏ တာဝန်ရှိသူ နတ်ကာရစ် “ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းကို အသုံးပြုသူတွေရဲ့ ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်ကို အများကြီး အရေးထား စဉ်းစား ပါတယ်။ ဒီကိစ္စကို စုံစမ်းမှုတွေ ပြုလုပ် နေပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ၊ အော်ရီဂန်းပြည်နယ် ပေါ့တ်လန်းမြို့အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Tripwire ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင် ကင်ဝပ်စတင်းက “အနုပညာရှင်တွေရော ပြည်သူအားလုံး ရော သတိပြုရမှာက မိမိတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေဟာ မိမိတို့ရဲ့လက်ထဲမှာပဲ ရှိနေတာ မဟုတ်ဘူး ဆိုတာ သိထားသင့်ပါတယ်” ဟု ပြောကြားသည်။
BBC
adrienne-bailon
Ashley-Green
blake-lively
cassie-ventura-
rihanna
Leony Li
By
Published: 2014-09-02T00:16:00-07:00
ထင်ရှားကျော်ကြားသူ အနုပညာရှင်များ၏ အတွင်းရေးဓာတ်ပုံများ ပေါက်ကြားလာမှုအပေါ် အက်ဖ်ဘီအိုင် စုံစမ်းနေ
By
Published: 2014-09-02T00:16:00-07:00
ထင်ရှားကျော်ကြားသူ အနုပညာရှင်များ၏ အတွင်းရေးဓာတ်ပုံများ ပေါက်ကြားလာမှုအပေါ် အက်ဖ်ဘီအိုင် စုံစမ်းနေ