၁။ ငွေကြေးခ၀ါချမှု နာမည်ဆိုးနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု
အခုတစ်ပတ်အတွင်းသတင်းစာ၊ ဂျာ နယ်တွေမှာဖုံးလွှမ်းနေတဲ့သတင်း တစ်ခုက တော့ ငွေကြေးခ၀ါချမှု တိုက် ဖျက်ရေးကိစ္စ သတင်းတွေပါပဲ။ ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံကိုငွေကြေး ခ၀ါချမှုပြုလုပ်နေတဲ့ နာမည်ဆိုး စာရင်းကနေ ပယ်ဖျက်နိုင်အောင် ကြိုးစားနေကြောင်း ငွေကြေးခ၀ါချ မှုတိုက်ဖျက်ရေးအဖွဲ့ (Finance Intelligence Unit)က ဒုရဲမှူးကြီး ကျော်ဝင်းသိန်း က ပြောပါတယ်။ သြဂုတ်လ ၂၁ နဲ့ ၂၂ရက်တွေက မြန်မာနိုင် ငံကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ရုံးခန်းမမှာ ကျင်းပတဲ့ ငွေကြေး ခ၀ါချမှု တိုက် ဖျက်ရေး ဥပဒေနဲ့ စပ်လျဉ်းတဲ့ဆွေးနွေးပွဲမှာ သူက ခုလိုပြောလိုက် တာပါ။ အရင်အစိုးရနဲ့ အခု အစိုးရ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး လုပ်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်အတွင်း ငွေကြေး ခ၀ါချမှု အမှုတွဲ ၇၀ လောက်ကနေ ကျပ် ဘီလီယံ၂၀လောက် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားပြီးဖြစ်တယ်လို့လည်း သူကဆိုပါ တယ်။ လက်ရှိမှာလည်း ငွေကြေးခ၀ါချမှု လုပ်နေတယ် လို့ နိုင်ငံတကာက စွပ်စွဲထား သူတွေကို စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီ လို့ ဒုရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောပါ တယ်။…
နောက်ပိုင်း ဆက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဘဏ်တွေမှာ ကျပ်ငွေ သိန်း ၁၀၀၀ ထက်ပိုတဲ့ ငွေ တွေ အပ်နှံ၊ လွှဲပြောင်း၊ လက်ခံ၊ ထုတ်ယူတာမျိုး ဆိုရင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ဆီကို သတင်းပို့ရတဲ့ စနစ်ကျင့်သုံးနေ တယ်လို့ FIU တာဝန်ရှိသူရဲမှူးတွေက ပြောပြကြ ပါတယ်။ ဒါတင်မက အိမ်ခြံမြေအရောင်း အ၀ယ် ဈေးကွက်ကြီးဟာ ငွေမည်းတွေကို ငွေဖြူအဖြစ် ခ၀ါချတဲ့နေရာကြီး တစ်ခု ဖြစ်နေတယ်လို့လည်း သူတို့ က သုံးသပ်ပြပါတယ်။ လူအများစုကလည်း အဲဒီအချက် ကိုလက်ခံကြပါတယ်။ အိမ်ခြံမြေအရောင်း အ၀ယ်လုပ် ငန်းမှာ အလတ်တန်းစား အိမ်ခြံမြေတန်ဖိုးဟာ ကျပ်ငွေ သိန်းပေါင်းသောင်း ချီရှိပါတယ်။ အစိုးရကသတ်မှတ်တဲ့ စည်း မျဉ်းစည်းကမ်းတွေအရ အခွန်ဆောင်ပြီး ကြောင်း အထောက်အထား မပြနိုင်တဲ့ ငွေ တွေဆိုရင် ၃၀ ရာ ခိုင်နှုန်း အခွန်ဆောင်လိုက် တာနဲ့ ငွေဖြူဖြစ်သွားစေပါတယ်။ အဲဒီ အိမ်ခြံမြေလက်ခံ လိုက်ပြီး နောက်ထပ် ရောင်း ရင်၊ ၀ယ်ရင် အဲဒီငွေတွေ အားလုံး ငွေဖြူဖြစ်သွားပါပြီ။ လောလောဆယ်အစိုး ရဆီမှာ ဒီပြဿနာဖြေရှင်း ဖို့နည်းနာ မရှိသေးသလို FIU ဘက်ကလည်း ဒီကိစ္စကိုင် တွယ်မယ့်ပုံတော့ မရှိသေးပါဘူး။
တစ်ဆက်တည်း ထွက်ပေါ်လာတာ ကတော့ အလွန်တန်ဖိုးပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါးတွေ မြန်မာ့ ပင် လယ်ပြင်မှာ ဖမ်းမိခဲ့ခြင်းပါ။ ပြီးခဲ့တဲ့သြဂုတ်လ၁၉ ရက် ညနေပိုင်းကတနင်္သာရီတိုင်း ကော့သောင်း မြို့ အနောက်မြောက်ဘက် မိုင်၁၈၀ ကျော်အကွာမှာ ထိုင်းနိုင်ငံဘက်ထွက်မယ့် စက်လှေ တစ်စီးပေါ်ကနေ ကာလ တန်ဖိုးကျပ် ငွေ ၁၇ဘီလီယံနီးပါးတန်ဖိုးရှိမယ့် စိတ်ကြွ မူးယစ်ဆေးပြား ၂ သန်း ၄သိန်းနီးပါး ရေတပ်က ဖမ်းဆီး ရမိခဲ့တယ်လို့ တပ်မ တော်ပိုင်မြ၀တီ သတင်းစာမှာ ဖော်ပြပါ တယ်။ ဒီဖမ်းဆီးမှုဟာ အခုနှစ်အတွင်း တန်ဖိုး အများဆုံး စိတ်ကြွဆေးပြား ဖမ်း ဆီးရမိမှုလည်း ဖြစ်ပါတယ်။ လှေပေါ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ယင်းတိုက် နဲ့ ပိတောက်သားတန် ၇၀ ကျော် တင်ဆောင် လာတဲ့ သစ်ခိုးလှေတစ်စင်းဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြ ထားပါတယ်။ မူးယစ် ဆေးဝါးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ရင်ထိုင်း နယ်စပ်နဲ့ ရှမ်းပြည်ဘက်တွေမှာ ဖမ်းဆီးရ မိမှု များပြီး ပင်လယ်ပြင်မှာ ရေတပ်ကဖမ်း ဆီးမိတယ်ဆိုပြီး သတင်းထုတ်ပြန်တာက တော့အခုနှစ် အတွင်း ဒါပထမ ဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အသေးစိတ်ကိုတော့ စစ်ဆေးတုန်းပါ။ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ ဖမ်းဆီးရမိ တဲ့ မူးယစ်ဆေးတွေရဲ့ တန်ဖိုး ပမာဏဟာ ကျပ်ငွေ ၁၇ ဘီလီယံကျော်ဖိုး ရှိတယ်လို့ဆိုတဲ့အတွက် ငွေကြေးခ ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့(FIU) က၁၀ နှစ်အတွင်း သိမ်းဆည်းခဲ့တဲ့ ငွေမည်းပမာဏ ကျပ်ငွေ ဘီလီယံ ၂၀ လောက်နီးနီးရှိနေတာ တွေ့ရပါတယ်။ အလားတူမူးယစ်ဆေးဝါး ကုန်ကူးမှု ပြဿနာအများကြီး ရှိနေနိုင်ပြီး ဒီ လောက်များပြားလှတဲ့ ငွေကြေးတွေ ဘယ်ကိုရောက်သွားမလဲဆိုတာကလည်းမေးခွန်း ထုတ်စရာအဖြစ် ကျန် ရစ်ပါတယ်။
၂။ လိုင်စင်မဲ့ ဆိုင်ကယ် တကယ်ပဲ ဖမ်းတော့မယ်
အစိုးရအဖွဲ့ဟာ တရားမ၀င် ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူတော့မယ့် ကိစ္စ အသေးစိတ် စည်းကမ်းတွေ သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်ပါတယ်။ လိုင်စင်မဲ့ ဆိုင်ကယ် တွေ့ရင် ဖမ်းဆီးမှာ ဖြစ်ပြီး ဒေသပေါက်ဈေးရဲ့ ၅၀ရာခိုင်နှုန်းထက် မနည်း ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ ဒဏ်ငွေဆောင်ပြီးရင် ဆိုင် ကယ်ကို ဒေသလိုင်စင်နဲ့ မှတ်ပုံတင်လုပ်ပေး မယ်လို့ဆိုပါတယ်။ ဒဏ်ငွေမဆောင်ရင်တော့ သိမ်းဆည်းပြီး လေ လံပစ်မယ်၊ လေလံပစ် ရောင်းချတဲ့ ဆိုင်ကယ်တွေကိုလည်း ဒေသလိုင်စင်နဲ့မှတ်ပုံတင်ပေးမယ် လို့ဆိုပါ တယ်။ အစိုးရဟာပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ လယ်ကနေ ဇူလိုင်လဆန်းအထိ တရား မ၀င်ခိုးသွင်းလာတဲ့ ဆိုင်ကယ် ၄ သိန်းခွဲ ကျော်ကို လိုင်စင်လုပ်ပေးခဲ့ပြီးပြီလို့ မြန်မာ့ သတင်းစဉ်က ထုတ်ပြန်ပါတယ်။
အစိုးရကြေညာချက်မှာ ဖော်ပြထား ချက်တချို့ကတော့ မရှင်းပါဘူး။ ဆိုင်ကယ် တွေ တင်သွင်း မှတ်ပုံတင် လုပ် ပေးနေတာကို လက်ရှိ အနေအထားအတိုင်း ဆက်ပြီး ခွင့်ပြုပေးသွားမယ်လို့ ဆိုထားသလို ဩတိုင်း ဒေသကြီး/ ပြည်နယ် အတွင်း မော်တော် ဆိုင်ကယ်များ မှတ်ပုံတင်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ အစိုးရ အဖွဲ့များက မှတ်ပုံ တင်စီးရေအပေါ် လိုအပ်သလို ထိန်းချုပ် ကန့်သတ်ဆောင်ရွက်သွားမည်ဩလို့ ဆိုထား ပြန်ပါတယ်။ ဒီ စာသားအရေးကြီးပေမယ့် သိပ်ပြီးမရှင်းလင်းပါဘူး။ တိုင်းနဲ့ ပြည်နယ် အစိုးရတွေဟာ ဖမ်းဆီးရမိ လေလံပစ်တဲ့ ဆိုင်ကယ်တွေကိုပဲ ဒေသနံပါတ်နဲ့ လိုင်စင် လုပ်ပေးခွင့် ရှိသလား၊ ဒါမှမဟုတ် အခြား ဆိုင်ကယ်တွေကို ပါဒေသ နံပါတ်နဲ့ လိုင်စင် လုပ်ပေးခွင့် ရမှာလား မရှင်းလင်းပါဘူး။ ဒီကိစ္စ ပြည်နယ်တချို့က ကညနရုံးတွေကို ဆက် သွယ် စုံစမ်းကြည့်တော့ ကြေညာချက် ကိုပဲတွေ့ရပြီး လက်တွေ့အသေးစိတ်ညွှန် ကြားချက် မရောက်သေးဘူး၊ ဒါကြောင့် တိတိကျကျ မပြောနိုင်ဘူးလို့ ဖြေကြပါ တယ်။ဘယ်လိုပဲဖြစ်ဖြစ်အစိုးရရဲ့ စည်းမျဉ်း စည်းကမ်းအသစ် လက်တွေ့ကျ မှန်ကန် ရင်ဆိုင်ကယ် ခိုးသွင်း တဲ့ ပြဿနာ လျော့နည်း ပပျောက်သွားနိုင်ပြီး မှားယွင်းရင်တော့ အရင်အတွက် သန်းနဲ့ချီခိုးသွင်းခဲ့တဲ့ အရင်အခြေအနေ ပြန်ဆိုက်သွားနိုင် ကြောင်း သုံးသပ်ရပါတယ်။
၃။ အငြင်းပွားစရာ အကောင်းဆုံး ရန်ကုန်မြို့သစ် စီမံကိန်း
ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့လှိုင်သာယာတွံတေးကား လမ်းကြား ကမြေဧက ၃သောင်းဝန်းကျင်ပေါ်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကြီးတစ်ခု အကောင် အထည်ဖော် တော့မယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့် ကပြောပါတယ်။ သြဂုတ် ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သ၀ဏ်လွှာကို ဖတ်ကြားပြော ဆိုခဲ့တာဖြစ်ပြီး အဲဒီ စီမံကိန်းကို မြန်မာ့ စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက ကျပ် ဘီလီယံ ၇၀၀၀နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလီ ယံ ရင်းနှီးမြှုပ်နှံ တည်ဆောက်သွား မယ်လို့ ဆိုပါတယ်။ စီမံကိန်းထဲမှာ မြို့ပြ အခြေခံအဆောက်အအုံတွေ အပါ အ၀င် ၆လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဦးလှမြင့်က ရှင်းပြပါတယ်။ ဒေါ်လာ ၁၅ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံမယ့် ကြီးမားတဲ့ မြို့သစ်စီမံကိန်းတစ်ခုကို အစ အဆုံးစီစဉ်ပြီးခါမှ လွှတ်တော်မှာ လာတင်ပြ တဲ့ အတွက်အားလုံးက အံ့အားသင့်နေကြ တယ်လို့ ရန်ကုန်တိုင်းအမတ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး ကိစ္စကတော့ ဒေါ်လာ ၁၅ ဘီလီယံ လောက်တန်ကြေးရှိမယ့် စီမံကိန်း ကြီးကို ဩမြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ်္ပဏီဩ လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့်ပေးလိုက်တာ ပါ။ ပွင့်လင်းမြင်သာမှုလည်း လုံးဝမရှိဘဲ ကိုယ့်ဘာသာကိုယ် ပေးချင်တဲ့ ကုမ္ပဏီတစ်ခုကို လျှို့ဝှက်ပြီးပေးလိုက်တာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရအဖွဲ့ရဲ့ ဒီလုပ်နည်း လုပ်ဟန်ဟာ အရင်အာဏာ ရှင်ခေတ်က လုပ်နည်းလုပ်ဟန်တွေနဲ့ ဘာမှမကွာခြားဘူး လို့ ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။ တချို့ဝေဖန်သူတွေကတော့ ၀န်ကြီးချုပ်ဦးမြင့်ဆွေဟာ သူ့သက်တမ်း မကုန်ဆုံးခင် တစ်နှစ် ကျော် လောက် အလိုမှာ ဒီလိုအလွန့်အလွန်ကြီးမားတဲ့ စီမံကိန်း ကြီးတစ်ခု သူ့စိတ်ကြိုက် ကုမ္ပဏီတစ်ခုကို လုပ် ပိုင်ခွင့်ပေးလိုက်ခြင်းအားဖြင့် ကိုယ်ကျိုး စီးပွားရှာ သွားတာလည်းဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြင်းပြင်း ထန် ထန် ဝေဖန် ကြပါတယ်။ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဒေါ် အောင်ဆန်းစုကြည်ကလည်း ဒီရန်ကုန်မြို့သစ်စီမံကိန်းဟာ ပွင့်လင်းမြင် သာမှုမရှိဘူး၊ သမ္မတ ဦးသိန်းစိန် အစိုး ရ ကတိပြုခဲ့တဲ့သန့်ရှင်းသော အစိုးရ၊ ကောင်း မွန် သော အစိုးရဆိုတဲ့ ကတိပြုချက်နဲ့လည်း ကိုက်ညီခြင်း မရှိ ဘူးလို့ ဝေဖန်ပြောဆို လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်း လုပ်ပိုင်ခွင့်ပေးတဲ့ကိစ္စ ကုမ္ပဏီတွေ ကို တင်ဒါ အသစ် ခေါ်ယူသင့်ပါကြောင်း သုံးသပ်တင်ပြရပါတယ်။
၎။ ဂျာနယ်တချို့ရပ်နား၊ တချို့မီဒီယာ အွန်လိုင်းကနေရောင်း
နေ့စဉ်ထုတ်သတင်းစာတွေ ထွက်ပေါ် လာတာ အခြားသော မီဒီယာတွေထွန်း ကားလာတဲ့အခြေ အနေအောက် မှာ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေတဲ့ ဂျာနယ်တွေ ရပ်နားကြောင်း သတင်းထုတ်ပြန် ကြပါ တယ်။ သတင်းစာ ဆရာကြီး ဖိုးသောကြာ-(ခေတ်မိုး) ဦးစီးထုတ်ဝေနေတဲ့ Favourite ဂျာနယ်နဲ့ ခေတ်မိုးအပတ်စဉ်ထုတ် သတင်း ဂျာနယ်တွေကို ငွေအရင်းအနှီး ဆက်လက် စိုက်ထုတ်ဖို့ အင်အားမရှိတော့လို့လာမယ့် သြဂုတ်လ ၂၇ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ နောက်ဆုံး ထုတ်ဝေပြီး ရပ်နားတော့မယ့် အကြောင်း ထုတ်ပြန်ကြေညာပါတယ်။ အလားတူ ဆဲဗင်းဒေးမီဒီယာက ဦးသောင်းစုငြိမ်း ထုတ်ဝေနေတဲ့ 7 Days Sport ဂျာနယ် နဲ Shopping Guide ဂျာနယ် နှစ်စောင်ကိုလည်း တွက်ခြေမကိုက်တော့လို့ ရပ်နား လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ ထုတ်ဝေနေဆဲ သည်ဗွိုက်စ် နေ့စဉ် သတင်းစာ၊ ဒီမိုကရေစီ တူဒေးနဲ့ မဇ္ဈိမသတင်းစာတွေဟာလည်း အရှုံးများစွာနဲ့ရင်ဆိုင်နေရဆဲလို့ သက် ဆိုင်ရာ ထုတ်ဝေသူတွေက ပြောပြကြပါတယ်။
မြန်မာနိုင်ငံမှာ စောင်ရေ အများဆုံး ရောင်းရတဲ့ပုဂ္ဂလိက Daily Eleven သတင်းစာဟာ ဒီဂျစ်တယ် သတင်းစာ အဖြစ် ၀န်ဆောင်မှုပေး ရောင်းချတော့မယ်လို့ ကြေညာပါတယ်။ ဒေးလီးအလဲဗင်း သတင်းစာ၊ ဂျာနယ်နဲ့ အား ကစားဂျာနယ် ၂ စောင် စုစုပေါင်း(၄)မျိုး ဖတ်ရှုခွင့်အတွက် တစ်လ ၅ ဒသမ ၅ ဒေါ်လာ၊ သုံးလ ၁၅ ဒေါ်လာ နဲ့ ၆ လ အတွက် ၂၅ဒေါ်လာသတ်မှတ်ထား ပါတယ်။ ဒေးလီးအလဲဗင်း သတင်းစာနဲ့ ဂျာနယ်အတွက်ကိုတော့ တစ်လ ၄ ဒေါ် လာ၊ ၃လစာအတွက် ၁၁ ဒေါ်လာနဲ့ ၆ လစာအတွက် ဒေါ်လာ ၂၀ သတ်မှတ်ထား ပါတယ်။ ဖတ် ရှုလိုသူတွေဟာ store.news-eleven.com ကို ၀င်ရောက် ဖတ်ရှုနိုင်တယ် လို့ ဆိုပါတယ်။ ငွေပေး ချေမှု အ တွက်ကိုတော့ Master, Visa ကတ်နှစ်မျိုးလုံးနဲ့ ပေးချေနိုင်ပြီး အဲဒီ ကတ်မသုံးနိုင်တဲ့သူတွေ အတွက် နောက် ပိုင်း ခဲခြစ်ငွေဖြည့်ကတ် တွေ ထုတ်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။
၅။ ကျွန်တော်တို့ ၀န်ထမ်းတွေ အဂတိလိုက်စားပါတယ်
အစိုးရ၀န်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အဂတိ လိုက်စားမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောဆိုလိုက်ပါတယ်။ သြဂုတ်လ၂၀ ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့အစိုး ရအဖွဲ့ရဲ့ ၂၀၁၄-၁၅ပထမ လေးလပတ် အစည်းအဝေးမှာသူကခုလိုပြောဆို လိုက် တာပါ။ ဒီအတွက် လာပေးလာဘ်ယူမှု ပပျောက်ဖို့ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်က အစပြောင်းလဲပစ်ဖို့ လိုအပ်တဲ့အကြောင်း၊ သူ့အစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းကာလအတွင်း လာဘ်ပေးလာဘ်ယူမှုလျော့နည်း ပပျောက်ရေးလုပ်ငန်းကိုအရှိန်အဟုန် မြှင့် တင်ပြီး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ အရာရှိကြီးတွေကို သူက တိုက်တွန်းပြောကြားပါ တယ်။ မြန်မာ နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အများ ဆုံးနိုင်ငံဖြစ်တယ်၊ အဂတိလိုက်စားမှု နှိမ်နင်းရေးကို ထိထိ ရောက်ရောက် မလုပ်ဘူးလို့ ပြည်တွင်းပြည်ပက ဝေဖန်မှုကို အမြဲ တစေခံနေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာအဖြစ်မှန်ကို ၀န်ခံလိုက်တဲ့ သမ္မတရဲ့ ရှားရှားပါးပါး ပြောဆိုချက် အဖြစ်မှတ်တမ်း တင်နိုင်ပါတယ်။
၆။ ရှားရှားပါးပါး ရာထူးက နုတ်ထွက်မှု
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်းမှာ ၆ နှစ်တိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ သူဌေးကြီး ဦးတေဇ နေရာမှာ စိမ်းလန်းရတနာကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးရုံးမူ ကိုရွေးချယ် တင်မြှောက်လိုက် ပါတယ်။ သြဂုတ်လ ၂၅ရက်နေ့က ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ကျောက်မျက် ရတနာအသင်းရဲ့ အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးပွဲနဲ့ ရွေးချယ် တင်မြှောက်ပွဲမှာဦးရုံးမူကိုအသင်း ဥက္ကဋ္ဌအဖြစ် မဲပေးရွေးချယ်လိုက်တာပါ။ မဲပေးသူ ၆၀၀ နီးပါးရှိရာမှာ ၃၀၀ ကျော်က ဦးရုံးမူကို မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်တုန်းက အသင်းသားအများစု ဟာထူးကုမ္ပဏီ ပိုင်ရှင်ဦးတေဇကိုပဲ ဥက္ကဋ္ဌ ဆက်လုပ်စေချင် ပေမယ့် ဦးတေဇက တာဝန် မယူတော့တာကြောင့် ခုလိုရွေးချယ်ပွဲလုပ်ပြီး ဥက္ကဋ္ဌအသစ် တင်မြှောက်လိုက်တာ ဖြစ် ပါ တယ်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကို ၂၀၀၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါ တယ်။
– စောကျော်မြတ်ငြိမ်း
Leony Li
By
Published: 2014-09-02T02:09:00-07:00
တစ်ပတ်အတွင်း စီးပွားရေးသတင်းသုံးသပ်ချက်
By
Published: 2014-09-02T02:09:00-07:00
တစ်ပတ်အတွင်း စီးပွားရေးသတင်းသုံးသပ်ချက်