နောက်မှ ပေါက်တဲ့ ရွှေကြာပင်လို့ဆိုရမဲ့ တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi
ဟာ တရုတ်မှာ Samsung ကိုအလဲထိုးလိုက်ပါပြီ။ Xiaomi ဟာ တရုတ်မှာ စီးပွားရေး အခွင့်အလမ်းကောင်းအတွက် ရုန်းကန်ရာ ကနေ ပြည်တွင်းဈေးကွက်မှာ အဓိက အင်အားစုကြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကမှ လီကျွမ် တည်ထောင်ခဲ့တဲ့ အဲ့ဒီကုမ္ပဏီဟာ ဒုတိယ သုံးလပတ်မှာ တရုတ်ဈေးကွက်ရဲ့ ဈေးကွက်ဝေစုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သုတေသန ကုမ္ပဏီ Canalys က ဖော်ပြခဲ့ပါတယ်။ စမတ်ဖုန်း ၁၅ သန်း ရောင်းချရခြင်းဖြစ်ပြီး လွန်ခဲ့နှစ်က အလားတူကာလထက် ၂၄၀ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ပါတယ်။
Xiaomi ၏ ပြိုင်ဘက်များဖြစ်သော Samsung၊ Lenovo၊ Yulong and Huawei တို့မှာ ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကျော်လေးသာ ရရှိထားသည်။
Samsung မှာ တတိယသုံးလပတ်တွင် ရောင်းအားပြန်တက် လာမယ်လို့ မျှော်လင့်ရပါတယ်။
CNN

Leony Li
By
Published: 2014-08-05T03:43:00-07:00
တရုတ်ရဲ့ စမတ်ဖုန်း ဘုရင်သစ် Xiaomi
By
Published: 2014-08-05T03:43:00-07:00
တရုတ်ရဲ့ စမတ်ဖုန်း ဘုရင်သစ် Xiaomi