မိချောင်းကန်သပိတ်စခန်းခေါင်းဆောင်က ၎င်းအတွက် အာမခံကြေး သိန်း ၃၀၀ အဆင်သင့်လုပ်ထားရန် မှာကြား

Tanggal Monday, August 4, 2014 | 11:20 PM


ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရပြီး လက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံ မိချောင်းက န် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းက ၎င်းအတွက်အာမခံကြေး ကျပ်သိန်း ၃၀၀ ပြင်ဆင်ထား ရန် ထောင်ဝင်စာသွားတွေ့စဉ်က ပြောခဲ့ကြောင်း သပိတ်တိုက်ပွဲဝင် မစောစန္ဒာက ပြောသည်။

ဦးစိန်သန်းသည် ဇူလိုင် ၃၁ ရက်နေ့က မိချောင်ကန်သပိတ်အစီရင်ခံစာအား UN ရုံးချုပ်သို့ ပေးပို့ရန်အသွား လမ်းခုလတ်၌ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးခံခဲ့ရပြီး အားဏာပိုင်များက ယင်းအား ဗဟန်း၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ် ၄ ခုတို့၌ ရုံးထုတ်၊ ရမန်ယူကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။


“ဒီသိန်း ၃၀၀ က တရားစွဲခံထားရတဲ့ အမှုအားလုံးအတွက်လား၊ တခုစီအတွက်လား ဆိုတာတော့ စုံစမ်း ဆဲပါ။ ကျမတို့ကတော့ သိန်း ၃၀၀ ဘယ်တတ်နိုင်မှာလဲ”ဟု မစောစန္ဒာက ပြောသည်။

ဦးစိန်သန်းအား ရုံးထုတ်စဉ်က မိသားစုဝင်များ မရှိနေခဲ့သဖြင့် အာမခံမရခဲ့ဘဲ အာမခံကြေး မညမျှသတ်မှတ်သည်ဆိုသည်ကိုလည်း မသိရကြောင်း သမီးဖြစ်သူ မနေနွယ်သန်းက ပြောသည်။

၁၉၉၁ ခုနှစ်က တပ်မတော်ကသိမ်းယူခဲ့သည်ဟုဆိုသော မြေနေရာများ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်ပြည်သူ ၁၀၀ ကျော်ခန့်က သပိတ်စခန်းဖွင့် အရေးဆိုနေသည်မှာ ရက်ပေါင်း ၁၄၃ ရက်ရှိပြီဖြစ်သည်။

ဇော်လတ်
 မိချောင်းကန်သပိတ်စခန်းခေါင်းဆောင်က ၎င်းအတွက် အာမခံကြေး သိန်း ၃၀၀ အဆင်သင့်လုပ်ထားရန် မှာကြား
Leony Li
By ပြည်မြန်မာ
Published: 2014-08-04T23:20:00-07:00
မိချောင်းကန်သပိတ်စခန်းခေါင်းဆောင်က ၎င်းအတွက် အာမခံကြေး သိန်း ၃၀၀ အဆင်သင့်လုပ်ထားရန် မှာကြား
4.5 11 reviews

Bengkalis Pos


Breaking News close button
Back to top

Bagaimana Pendapat Anda?
 
Begin ©1.8. 2014. ပြည်မြန်မာ - ဆက်သွယ်ရန် | Facebook Message Box ပြည်မြန်မာ | ဆိုဒ်တည်ဆောက်သူ ပြည်မြန်မာ