အမျိုးသားတစ်ဦး သေနတ်ကိုင်လျက် Selfie ဓါတ်ပုံရိုက်အပြီး သေနတ်နဲ့မတော်တဆ ပစ်မိပြီးသေဆုံး

Tanggal Monday, August 4, 2014 | 11:22 PM




မက္ကဆီကန် အမျိုးသားတစ်ဦးဟာ သေနတ်ကိုင်လျက် Selfie ဓါတ်ပုံတစ်ပုံ ရိုက်အပြီးမှာပဲ သေနတ်နဲ့ ကိုယ့်ကိုကိုယ် မတော်တဆ ပစ်သတ်မိပြီးသေဆုံးသွားခဲ့ပါတယ်။

အသက်၂၁ နှစ်အရွယ်မက္ကဆီကန် နိုင်ငံသား Oscar Ortero Aguilar သေနတ်ကိုင်ပြီး Selfie ဓါတ်ပုံရိုက်ဖို့ ဆန္ဒပြင်းပြနေတဲ့အတွက် သေနတ်အစစ် တစ်လက်ကို ငှားရမ်းခဲ့ပြီး ထိုသေနတ်က ကျည်ဆံဖြည့်ထားတာကိုတော့ Aguilar က သိရှိခဲ့ပုံမပေါ်ကြောင်းနဲ့ Selfie ဓါတ်ပုံ မရိုက်ခင်က Aguilar နဲ့ သူငယ်ချင်းများဟာ အရက်သောက်လာ ကြောင်းကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ၀င်များက ပြောပါတယ်။

ယမန်နှစ်ကလည်း Facebook မှာ သေနတ်ကိုင်သည့် ဓါတ်ပုံတင်ရန်ကြိုးစားခဲ့တဲ့ မောင်နှမ နှစ်ဦးလည်း သေနတ်နဲ့ မတော်တဆ ပစ်မိပြီး သေဆုံးခဲ့ပါတယ်။လက်ရှိအချိန်မှာ Facebookနဲ့ Instagramတို့မှာ အသုံးပြုရန် လူတိုင်းကSelfie ဓါတ်ပုံများကို ရိုက်ကူးလာကြပြီး ရဲအရာရှိများကအစ သေနတ်ကိုင်ပြီးSelfie ဓါတ်ပုံရိုက် လာကြတာပါ။ ဒါပေမယ့် သေနတ်နဲ့ Selfie ဓာတ်ပုံရိုက်ခြင်းမျိုးတွေ တွဲဖက်မလုပ်သင့်ဘူးဆိုတာ အထက်ပါ အကြောင်းအရာတွေက သာဓက ပေးနိုင်ခဲ့ပါတယ်။

Ref:cnet.com
 အမျိုးသားတစ်ဦး သေနတ်ကိုင်လျက် Selfie ဓါတ်ပုံရိုက်အပြီး သေနတ်နဲ့မတော်တဆ ပစ်မိပြီးသေဆုံး
Leony Li
By ပြည်မြန်မာ
Published: 2014-08-04T23:22:00-07:00
အမျိုးသားတစ်ဦး သေနတ်ကိုင်လျက် Selfie ဓါတ်ပုံရိုက်အပြီး သေနတ်နဲ့မတော်တဆ ပစ်မိပြီးသေဆုံး
4.5 11 reviews

Bengkalis Pos


Breaking News close button
Back to top

Bagaimana Pendapat Anda?
 
Begin ©1.8. 2014. ပြည်မြန်မာ - ဆက်သွယ်ရန် | Facebook Message Box ပြည်မြန်မာ | ဆိုဒ်တည်ဆောက်သူ ပြည်မြန်မာ