အချစ်က ချိုတာကြောင့် စားတာများသွားရင် ချောင်းဆိုးတတ်တယ်လို့ ဆိုတဲ့ ရဲရင့်အောင်

Tanggal Monday, August 4, 2014 | 11:26 PM




နာမည်လေးလုံးပိုင်ရှင် မင်းသမီးချောလေးရဲ့ ဓာတ်ပုံကို ဖုန်း screen ပေါ်တင်ထားပေမယ့် အချစ်ရေးက တစ်ယောက်တည်းပါပဲလို့ ဖြေသွားခဲ့တဲ့ ကိုယ်တော်ချော ရဲရင့်အောင်က သူ့ရဲ့ အချစ်ရေးကိုတော့ “အချစ်ရေးကတော့ ခုချိန်မှာကျွန်တော်တစ်ယောက်တည်းပါပဲ။ ရည်းစားလဲမထားချင်သေးပါဘူး။ ထားဖို့လဲ စိတ်ကူးလဲမရှိပါဘူး။ ကျွန်တော့်ဆန္ဒအရဆိုရင် အပြင်လူက ပိုကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ယူမဲ့ သတို့သမီးပဲဖြစ်ဖြစ် သူများနဲ့တွဲပြီး အလုပ်လုပ်နေတာကို သဘောမကျပါဘူး။ ကျွန်တော် သဘောအတိုင်းဆို အပြင်သူက ပိုအဆင်ပြေမှာပါ။ အချစ်ဆိုတာ ချစ်နေဖို့ပဲလိုပါတယ်။ အချစ်ကချိုတယ်။ စားတာများသွားရင်တော့ ချောင်းဆိုးတတ်တယ်”လို့ ပြောသွားပါတယ်။

Bo Bo Entertainment က စီစဉ်တင်ဆက်မယ့် ဇာတ်ကားရိုက်ကူးရေးမှာ ပါဝင်သရုပ်ဆောင်ဖြစ်မလား ဆိုတာကိုတော့ သူက “ကိုဘိုစန်းတို့ကမ်းလှမ်းတာကို လက်ခံဖြစ်တာကတော့ ကျွန်တော်ဘာမှ မဟုတ် ခင်ကတည်းက ကိုဘိုစန်းနဲ့ ကျွန်တော်တို့က လက်တွဲလာကြတယ်။ သူဒီလိုလေး လုပ်ဖို့ရှိတယ်။ အဲဒါနဲ့ပဲ လက်ခံဖြစ်ခဲ့တာပါ။ ကျွန်တော်နဲ့လိုက်ဖက်သော၊ ကျွန်တော်တွက် အပန်းမကြီးသော၊ ဇာတ်လေးတွေဆိုလုပ်သွားမှာပါ။”တဲ့
 အချစ်က ချိုတာကြောင့် စားတာများသွားရင် ချောင်းဆိုးတတ်တယ်လို့ ဆိုတဲ့ ရဲရင့်အောင်
Leony Li
By ပြည်မြန်မာ
Published: 2014-08-04T23:26:00-07:00
အချစ်က ချိုတာကြောင့် စားတာများသွားရင် ချောင်းဆိုးတတ်တယ်လို့ ဆိုတဲ့ ရဲရင့်အောင်
4.5 11 reviews

Bengkalis Pos


Breaking News close button
Back to top

Bagaimana Pendapat Anda?
 
Begin ©1.8. 2014. ပြည်မြန်မာ - ဆက်သွယ်ရန် | Facebook Message Box ပြည်မြန်မာ | ဆိုဒ်တည်ဆောက်သူ ပြည်မြန်မာ