ဖေ့စ်ဘုတ်သည် ၎င်းင်း၏မိုဘိုင်း app တွင် မက်ဆေ့ခ်ျပို့နိုင်သည့်လုပ် ဆောင်ချက်အား လာမည့်ရက်အ နည်း ငယ်တွင် ဖယ်ရှားမည်ဖြစ်ကာ မက် ဆေ့ခ်ျပို့ရန်အတွက် သီးသန့်ထုတ် လုပ်ထားသည့် messener app အား အသုံးပြုရမည်ဟု တနင်္လာနေ့က အတည်ပြုခဲ့သည်။ ဧပြီလက ကြေညာ ခဲ့သည့် အစီအစဉ်အတိုင်း ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ပြီး iOS နှင့် အန်းဒရိုက် app များ အကျုံးဝင်မည် ဖြစ်သည်။ ပီစီများတွင်မူ ယခင်အ တိုင်း မက်ဆေ့ခ်ျပေးပို့အသုံးပြုနိုင်မည်ဖြစ်သည်။
ဖေ့စ်ဘုတ်က ၎င်းင်း၏ messenger app အား အကောင်းဆုံးမိုဘိုင်း မက်ဆေ့ခ်ျ app စဖြစ်လာရန် ရည်ရွယ် ထားပြီး လုပ်ငန်းတစ်ခုတည်းအတွက် app ၂ မျိုးထုတ်လုပ်ထားသဖြင့် ရှုပ် ထွေးမှုမဖြစ်ပေါ်စေ ရန် တစ်ခုအားပယ် ဖျက်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်း ဖြင့် messenger app အသုံးပြုသူ သိသိသာသာတိုးမြင့်လာနိုင်သည်။ ဖေ့စ်ဘုတ်က messenger အား အ ရေးပါသည့် စီးပွားရေးတစ်ခုအဖြစ် ပြောင်းလဲရန် လုပ်ဆောင်နေကြောင်း ကုမ္ပဏီအမှုဆောင်ချုပ် မက်ဇူကာ ဘက်က ပြောကြားခဲ့သည်။
Messenger အား လစဉ်အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး ဖေ့စ် ဘုတ်အသုံးပြုသူ၏ ၅ ပုံ ၁ ပုံအောက် သာရှိသည်။ Messenger သည် စာ သားမက်ဆေ့ခ်ျပေးပို့ခြင်းအပြင် အင်တာနက်ဖုန်းခေါ်ဆိုမှု၊ အဖွဲ့လိုက်စကား ပြောခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပေး ပို့ခြင်းတို့ ပြုလုပ်နိုင်သည်။ ဖေ့စ်ဘုတ် messenger app ပြောင်းလဲ အသုံးပြုစေခြင်းအား ဥရောပနိုင်ငံ အချို့တွင် ပြီးခဲ့သည့် လအနည်းငယ်က စတင်ခဲ့ပြီး ရလဒ်မှာကောင်းမွန်ခဲ့သည်ဟုဆိုသည်။
KHTun

Leony Li
By
Published: 2014-08-04T23:25:00-07:00
ဖေ့စ်ဘုတ်မိုဘိုင်းတွင် မက်ဆေ့ခ်ျပို့ရန် Messenger အား ပြောင်းလဲအသုံးပြုမည်
By
Published: 2014-08-04T23:25:00-07:00
ဖေ့စ်ဘုတ်မိုဘိုင်းတွင် မက်ဆေ့ခ်ျပို့ရန် Messenger အား ပြောင်းလဲအသုံးပြုမည်